ရထားလမ္းေပၚမွာ ဝွီးခ်ဲညပ္ေနသူကို အသည္းယားဖြယ္ ကယ္တင္နိုင္ခဲ့တဲ့ ေလးစားဖြယ္ အရာရွိရဲ့ ဗီဒီယိုဖိုင္


ရထားလမ္းေပၚမွာ ဝွီးခ်ဲညပ္ေနသူကို အသည္းယားဖြယ္ ကယ္တင္နိုင္ခဲ့တဲ့ ေလးစားဖြယ္ အရာရွိရဲ့ ဗီဒီယိုဖိုင္

Lodi ရဲဌာနကေနၿပီး သူတို႔ရဲ့ Facebook မွာ video တစ္ခုကို YouTube မွ ျပန္လည္မၽွေဝလာခဲ့ပါတယ္။ ဗီဒီယိုကေတာ့ လူ႔အသက္တစ္ေခ်ာင္းကို..၊

ကိုယ့္အသက္ကိုယ္ကိုပဓာနမထားဘဲ ဝင္ကယ္ခဲ့တဲ့ အသည္းယားဖြယ္ဗီဒီယိုတစ္ခုပါ။ Fox News မွ ကိုးကားေဖာ္ျပေပးလိုက္ပါတယ္..။

ၾသဂုတ္လ ၁၂ ရက္ေန႔ မနက္ ၈ နာရီ ၄၄ မိနစ္မွာ အရာရွိ Erica Urrea ဟာ သူမရဲ့ေန႔စဥ္တာဝန္အတိုင္း ရထားလမ္းဖက္ကို ကားနဲ႔ကင္းလွည့္လာခဲ့ပါတယ္..။

ဒါေပမဲ့ ရထားလမ္းမဆီကို အမွတ္မထင္ ၾကည့္မိလိုက္တဲ့အခ်ိန္ သံလမ္းေပၚမွာ အရာတစ္ခုကို ေတြ႕ခဲ့တယ္။ ေသခ်ာၾကည့္လိုက္ေတာ့မွ လူတစ္ေယာက္..၊

ဘီးတပ္ကုလားထိုင္နဲ႔။တစ္ဖက္မွာလည္း ကုန္တင္ရထားႀကီးက အရွိနဲ႔လာေနပါၿပီ။ အရာရွိ Erica ဟာ ဘာမွမစဥ္းစားေတာ့ဘဲ ရထားသံလမ္းနားအထိ ကားကိုအျမန္ဆုံးေမာင္းသြားရင္း..၊

ကားစက္ေတာင္ မသတ္နိုင္ေတာ့ဘဲ အဲဒီ ဒုကၡိအမ်ိဳးသားရွိေနတဲ့ေနရာကို အေျပးသြားခဲ့ပါတယ္..။

တစ္မိနစ္ေတာင္မလိုေတာ့တဲ့အခ်ိန္မွာ သူေရာအဲဒီအမ်ိဳးသားႀကီးေရာရွိေနတဲ့ေနရာကို ရထားက တည့္တည့္ႀကီးဝင္တိုက္ေတာ့မွာပါ..။

ဒါေပမဲ့လည္း အရာရွိ Erica ဟာ သူ႔အသက္ေဘးေတာင္သူမစဥ္းစားဘဲ လူတစ္ေယာက္ရဲ့အသက္ကို ကယ္တင္ဖို႔ ႀကိဳးစားေနခဲ့ပါတယ္..။

ဘီးတပ္ကုလားထိုင္က ဘီးက ရထားသံလမ္းၾကားထဲညပ္ၿပီး အမ်ိဳးသားႀကီးခင္ဗ်ာ ေရွ႕လည္းတိုးမရ၊ ေနက္လည္းဆုတ္မရျဖစ္ေနခဲ့တာပါ..။

ေနာက္ ေအာက္ပိုင္းလည္းေသေနတဲ့ လူနာျဖစ္ေနတဲ့အတြက္ ဘယ္လိုမွလည္း ထေျပးလို႔ရပါဘူး..။

စကားကလည္း အသက္ႀကီးေနၿပီဆိုေတာ့ သိပ္မေျပာနိုင္ေတာ့တဲ့အတြက္ အဲဒီေနရာမွာပဲ သူ႔ခင္ဗ်ာ ဒုကၡေရာက္ေနတယ္ေပ့ါ။ ေသဖို႔ကို ထိုင္ေစာင့္ေနသလိုပါပဲ..၊

ေနာက္ဆုံးစကၠန႔္မွာပဲ အရာရွိ Erica ဟာ အမ်ိဳးသားႀကီးကို ဘီးတပ္ကုလားထိုင္ေပၚကေန အတင္းဆြဲခ်ၿပီးေတာ့ ရထားသံလမ္းေဘးကို သီသီေလး တြန္းပို႔ခဲ့ပါတယ္..။

သူကိုယ္တိုင္လည္း အရွိန္ေၾကာင့္ လဲက်သြားခဲ့တာေတာင္ ခ်က္ခ်င္းျပန္ထၿပီး အမ်ိဳးသားႀကီးဆီကို ေျပးကာ ၾကည့္ခဲ့ပါတယ္..။

အသက္ ၆၆ ႏွစ္အရြယ္ ေအာက္ပိုင္းေသေနတဲ့အမ်ိဳးသားကေတာ့ ေျခေထာက္တစ္ဖက္ ရွပ္ထိသြားတဲ့ဒဏ္ရာရ႐ုံမွလြဲၿပီး အသက္အႏၲရာယ္ေဘးေတာ့ မရွိေနဘူးလို႔ သိရပါတယ္..။

ဒါကေတာ့ အရာရွိ Erica ရဲ့ ရင္ဘတ္မွာတပ္ထားတဲ့ လုံျခဳံေရးကင္မရာမွတစ္ဆင့္ ျပန္ရခဲ့တဲ့ မွတ္တမ္းပုံရိပ္တခ်ိဳ႕ပါ။ ဘယ္ေလာက္အသည္းယားဖို႔ေကာင္းလဲ ၾကည့္လိုက္ၾကပါဦး..။

unicode


ရထားလမ်းပေါ်မှာ ဝှီးချဲညပ်နေသူကို အသည်းယားဖွယ် ကယ်တင်နိုင်ခဲ့တဲ့ လေးစားဖွယ် အရာရှိရဲ့ ဗီဒီယိုဖိုင်

Lodi ရဲဌာနကနေပြီး သူတို့ရဲ့ Facebook မှာ video တစ်ခုကို YouTube မှ ပြန်လည်မျှဝေလာခဲ့ပါတယ်။ ဗီဒီယိုကတော့ လူ့အသက်တစ်ချောင်းကို..၊

ကိုယ့်အသက်ကိုယ်ကိုပဓာနမထားဘဲ ဝင်ကယ်ခဲ့တဲ့ အသည်းယားဖွယ်ဗီဒီယိုတစ်ခုပါ။ Fox News မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်..။

သြဂုတ်လ ၁၂ ရက်နေ့ မနက် ၈ နာရီ ၄၄ မိနစ်မှာ အရာရှိ Erica Urrea ဟာ သူမရဲ့နေ့စဉ်တာဝန်အတိုင်း ရထားလမ်းဖက်ကို ကားနဲ့ကင်းလှည့်လာခဲ့ပါတယ်..။

ဒါပေမဲ့ ရထားလမ်းမဆီကို အမှတ်မထင် ကြည့်မိလိုက်တဲ့အချိန် သံလမ်းပေါ်မှာ အရာတစ်ခုကို တွေ့ခဲ့တယ်။ သေချာကြည့်လိုက်တော့မှ လူတစ်ယောက်..၊

ဘီးတပ်ကုလားထိုင်နဲ့။တစ်ဖက်မှာလည်း ကုန်တင်ရထားကြီးက အရှိနဲ့လာနေပါပြီ။ အရာရှိ Erica ဟာ ဘာမှမစဉ်းစားတော့ဘဲ ရထားသံလမ်းနားအထိ ကားကိုအမြန်ဆုံးမောင်းသွားရင်း..၊

ကားစက်တောင် မသတ်နိုင်တော့ဘဲ အဲဒီ ဒုက္ခိအမျိုးသားရှိနေတဲ့နေရာကို အပြေးသွားခဲ့ပါတယ်..။

တစ်မိနစ်တောင်မလိုတော့တဲ့အချိန်မှာ သူရောအဲဒီအမျိုးသားကြီးရောရှိနေတဲ့နေရာကို ရထားက တည့်တည့်ကြီးဝင်တိုက်တော့မှာပါ..။

ဒါပေမဲ့လည်း အရာရှိ Erica ဟာ သူ့အသက်ဘေးတောင်သူမစဉ်းစားဘဲ လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်ဖို့ ကြိုးစားနေခဲ့ပါတယ်..။

ဘီးတပ်ကုလားထိုင်က ဘီးက ရထားသံလမ်းကြားထဲညပ်ပြီး အမျိုးသားကြီးခင်ဗျာ ရှေ့လည်းတိုးမရ၊ နေက်လည်းဆုတ်မရဖြစ်နေခဲ့တာပါ..။

နောက် အောက်ပိုင်းလည်းသေနေတဲ့ လူနာဖြစ်နေတဲ့အတွက် ဘယ်လိုမှလည်း ထပြေးလို့ရပါဘူး..။

စကားကလည်း အသက်ကြီးနေပြီဆိုတော့ သိပ်မပြောနိုင်တော့တဲ့အတွက် အဲဒီနေရာမှာပဲ သူ့ခင်ဗျာ ဒုက္ခရောက်နေတယ်ပေ့ါ။ သေဖို့ကို ထိုင်စောင့်နေသလိုပါပဲ..၊

နောက်ဆုံးစက္ကန့်မှာပဲ အရာရှိ Erica ဟာ အမျိုးသားကြီးကို ဘီးတပ်ကုလားထိုင်ပေါ်ကနေ အတင်းဆွဲချပြီးတော့ ရထားသံလမ်းဘေးကို သီသီလေး တွန်းပို့ခဲ့ပါတယ်..။

သူကိုယ်တိုင်လည်း အရှိန်ကြောင့် လဲကျသွားခဲ့တာတောင် ချက်ချင်းပြန်ထပြီး အမျိုးသားကြီးဆီကို ပြေးကာ ကြည့်ခဲ့ပါတယ်..။

အသက် ၆၆ နှစ်အရွယ် အောက်ပိုင်းသေနေတဲ့အမျိုးသားကတော့ ခြေထောက်တစ်ဖက် ရှပ်ထိသွားတဲ့ဒဏ်ရာရရုံမှလွဲပြီး အသက်အန္တရာယ်ဘေးတော့ မရှိနေဘူးလို့ သိရပါတယ်..။

ဒါကတော့ အရာရှိ Erica ရဲ့ ရင်ဘတ်မှာတပ်ထားတဲ့ လုံခြုံရေးကင်မရာမှတစ်ဆင့် ပြန်ရခဲ့တဲ့ မှတ်တမ်းပုံရိပ်တချို့ပါ။ ဘယ်လောက်အသည်းယားဖို့ကောင်းလဲ ကြည့်လိုက်ကြပါဦး..။