



“ရေကျော် မဉ္ဇူလမ်းထဲမှာနေတဲ့ စစ်ခွေးဗိုလ်ကားမှန် ရိုက်ခွဲမိလို့ ပြသနာတက်နေတာ




MyanmarLabourNews

unicode

ကားတွေဖျက်ဆီးတဲ့ထဲမှာ ဗိုလ်ကြီးကားပါသွားလို့ ပြသနာတက်နေ

ယမန်နေ့ညက ပုဇွန်တောင် ရေကျော်ထဲမှာ ပြည်သူတွေရဲ့ ကားတွေကိုစစ်ကောင်စီတပ်ကဖျက်ဆီးစဉ်မှာ

ဗိုလ်ကြီးတယောက်ပိုင်ဆိုင်တဲ့ကားပါဝင်ခဲ့လို့အခုလက်ရှိရေကျော်ထဲမှာ စစ်ကောင်စီတပ်တွေ ပြသနာတက်နေကြတယ်လို့ပြည်သူတွေကဆိုပါတယ်။

“ရေကျော် မဥ္ဇူလမ်းထဲမှာနေတဲ့ စစ်ခွေးဗိုလ်ကားမှန် ရိုက်ခွဲမိလို့ ပြသနာတက်နေတာ

တပ်နဲ့ရဲက သူခွဲတာငါခွဲတာနဲ့

အခု အထက်ကပါ ဆင်းလာတာကိုတွေ့တယ်”လို့ အမည်မဖော်လိုတဲ့ပြည်သူတဦးကပြောပါတယ်။

အဆိုပါပြသနာကြောင့် ပုဇွန်တောင်ရေကျော်ဖက်မှာလုံခြုံရေးတာဝန်ယူထားတဲ့ စစ်ကောင်စီတပ် အကြီးပိုင်းတချို့ပါဆင်းလာနေတယ်လို့လဲဒေသခံတွေကသတင်းပေးပို့ပါတယ်။

MyanmarLabourNews