ခြင်ကိုက်လို့ အဖု အပိန့််တွေ ရှိနေလျှင်

ခြင်ကိုက်ဖုတွေရဲ့ခံစားချက်ဟာ တော်တော်လေးကို ဆိုးရွားပါတယ်။ သေစေနိုင်လောက်တဲ့ ယားဖုတွေမဟုတ်ပေမယ့်လို့ ယားတဲ့ဒဏ်ကိုက ဆိုးရွားလွန်းနေတာပါ။

တချို့ဆိုရင် ခြင်ကိုက်ဖုတွေကြောင့် အနာတွေတောင်ဖြစ်တတ်ပါသေးတယ်။ ဒါဆို ခြင်ကိုက်ဖုတွေကို အမြန်ဆုံးသက်သာအောင် အိမ်တွင်းနည်းလမ်းတွေနဲ့ ကုသကြမလဲဆိုတာ Insider မှ ကိုးကားဖော်ပြထားတာမလို့ ကြည့်လိုက်ကြပါစို့

ပျားရည်

သဘာဝကိုက ပိုးသတ်စေတဲ့အစွမ်းရှိနေတဲ့ ပျားရည်ကို ခြင်ကိုက်ဖုတွေမှာ သုံးပေးခြင်းဖြင့် အနာကျက်စေပြီး ယားယံမှုတွေကိုသက်သာစေပါတယ်။

အအေး

ခြင်ကိုက်ဖုတွေသက်သာအောင် ရေခဲအုံပေးလို့ရပါတယ်။ ရေခဲမရှိလည်း ရေခဲသေတ္တာထဲ ထားထားပြီး တော်တော်လေးအေးနေတဲ့ အအေးဗူးလိုမျိုးနဲ့လည်း ဖိကပ်ပေးလို့ရပါတယ်။

၁၀ မိနစ်လောက် ဖိကပ်ပေးရုံနဲ့ အအေးးဟာ နီရဲယောင်ယမ်းမှုတွေကို လျော့ကျစေပါတယ်။

မုန့်ဖုတ်ဆိုဒါ

ရေနဲ့မုန့်ဖုတ်ဆိုဒါကို ရောပြီးရလာတဲ့ အနှစ်ကို လိမ်းပေးခြင်းဖြင့် ယားယံမှုတွေကို ပျောက်ကင်းစေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို အိမ်တွင်းဆေးဝါးအဖြစ် အသုံးပြုလာခဲ့တာ နှစ်ပေါင်းရာနဲ့ချီနေပါပြီ။ သူ့ရဲ့အနှစ်ဟာ နေလောင်တာတွေကိုသက်သာစေတယ်၊ ယားနာမှုတွေကိုပြေပျောက်စေပါတယ်။

နောက် ပိုးလည်းသေစေတဲ့အတွက် ခြင်ကိုက်ဖုကိုလည်း သက်သာစေမှာပါ။

ခရစ်ဒစ်