အသက် ၆၀ ကျော်လာတဲ့အခါ ကျန်းမာရေးအတွက် ဒါတွေကိုဂရုစိုက်ပါ

အသက် ၆၀ ကျော်လျှင် သတိထားစရာများ..

အမေရိကန်မှ လေ့လာမူတခုအရ .. အသက်ကြီးသူတွေရဲ့ ၅၁ % ကျော်က လှေခါးပေါ်ကနေ ပြုတ်ကျကြတယ်လို့ သိရပါတယ်။

အသက် ၆၀ ကျော်ရင် ရှောင်ရမည့်အချက်များ ..

၁ – လှေခါး အတက်အဆင်း လုပ်လျှင် လက်ရမ်းကို သေချာ ကိုင်ပြီးမှ ဆင်းပါ တက်ပါ။

၂ – ဦးခေါင်းကို ရုတ်တရတ် မလှည့်လိုက်ပါနဲ့ ။ ခန္ဓာကိုယ် တစ်ခုလုံးကို သွေးပူ လေ့ကျင့်ခန်း အရင် လုပ်ပြီးမှ လှည့်ပါ။

၃ – လက်တွေကို ခြေ ချောင်းတွေနဲ့ ထိတွေ့ဖို့ ခန္ဓာကိုယ် ကို မကုန်းလိုက်ပါနဲ့ ။ သွေးပူ လေ့ကျင့်ခန်းကို အရင်လုပ်ပါ။

၄ – အင်္ကျီ ဝတ်လျှင်မတ်တတ်ရပ်ပြီး မဝတ်ပါနဲ့ ထိုင်လျှက်ဝတ်ပါ ။

၅ – ပက်လက် အိပ်နေရာမှ ရုတ်တရတ် ထ မထိုင်ပါနဲ့ တစ်ဖက်စောင်းပြီး ညာဘက် ဒါမှမဟုတ် ဘယ်ဘက် မှသာ ထ ထိုင်ပါ။

ခန္ဓာကိုယ်ကို မလှည့်မိပါစေနဲ့ သွေးပူ လေ့ကျင့်ခန်းအရင်လုပ်ပါ။

နောက်ပြန် လိမ့်ကျတာက ဆိုးရွားတဲ့ ထိခိုက် ဒါဏ်ရာ ရရှိ နိုင်ပါတယ်။

၆ – အိပ်ရာက နိုးလာရင် အမြန် မထ လိုက်ပါနဲ့ မိနစ် အနည်းငယ် နပ်နေပြီးမှ အိပ်ရာမှ ထပါ။

၇ – အလေး အပင် မဖို့အတွက် ခါး မကုန်းလိုက်ပါနဲ့ ဒူးခေါင်းကို အရင်ကွေးပြီး ဆောင့်ကြောင့် ထိုင် အနေအထားနဲ့သာ အလေးမ ပါ။

၈ – ဝမ်းသွားဖို့ အတင်း မညှစ်ပါနဲ့ သူ့ သဘာဝ အတိုင်းပဲ ဝမ်းထွက်လာပါစေ။

အရေးအကြီးဆုံး အချက်ကတော့ အရာရာကို အကောင်း မြင်ဘက်ကနေသာ ကြည့်ပါ။

တစ်သက်တာလုံး ကြိုးကြိုးစားစား လုပ်ခဲ့ရတဲ့အတွက် အခုချိန်ကတော့ မိမိကိုယ်မိမိ ကျေနပ်ရမယ့် အချိန် ရောက်နေပါပြီ ။

ဒေါက်တာခင်မိုးမိုး