မကြာခဏ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေးတွေ ရမယ့် ဆိုးကျိုး ၅ ခု

မိန်းကလေးတွေရဲ့ သဘာဝကိုက စိတ်ဆိုးစိတ်ကောက် လုပ်တတ်တာမျိုး ပါလာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိန်းကလေး တိုင်းကတော့ စိတ်ဆိုးစိတ်ကောက် တာမျိုး မလုပ်ကြပါဘူး။

မကြာခဏ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တဲ့ မိန်းကလေးတွေ ကတော့ သူများတွေထက် ထူးခြားနေတတ် သလို သူများတွေ မရတဲ့ ဆိုးကျိုးတွေလည်း ရနေတတ် ပါတယ်။ ဘယ်လို ဆိုးကျိုးတွေလဲ ဆိုတာ ကတော့..

(၁) ပူလောင်တယ်

စိတ်ဆိုးတယ် ဆိုတည်းက ကိုယ့်စိတ်မှာ အလိုမကျတာ တခုခု ဖြစ်သွားလို့ ဖြစ်ပါတယ်။ စိတ်ဆိုးတယ်ဆိုတာ စိတ်ဆိုး သင့်တဲ့ အရာ ဟုတ် မဟုတ် စစ်ဆေးပြီးမှ စိတ်ဆိုးရင်တော့ သဘာဝကျ ပါတယ်။

ဒီလို မဟုတ်ဘဲ ကိုယ့်စိတ် အလိုအတိုင်း မဖြစ်တာနဲ့ စိတ်ဆိုးနေ ရင်တော့ စိတ်ဆိုးခံရသူထက် သင်ပဲ အရင်ဆုံး ပူလောင်နေ ရတာ ဖြစ်ပါတယ်။

(၂) ဝမ်းနည်းရတယ်

စိတ်ဆိုး စိတ်ကောက် လုပ်တတ်တဲ့ မိန်းကလေး အများစု ကတော့ အကြီးအကျယ် စိတ်ဆိုးကြလို့ မဟုတ်ဘဲ ကလေးဆန် လွန်းကြတာ ဖြစ်ပါ တယ်။

သူတို့ရဲ့ ဒီလို ပြုမူ တတ်တဲ့ စိတ်ကြောင့် အရင်ဆုံး ဝမ်းနည်း ရတာလည်း သူတို့ပဲ ဖြစ်ပါတယ်။ ငါ့ကို ဒီလို ဆိုပြီး တွေးပြီး အမြဲ အလိုမကျ ဖြစ်ပြီး စိတ်ကောက်နေ ရင်တော့ ဝမ်းနည်းနေမှာပါပဲ။ ဝမ်းနည်းတာက တကယ့်တော့ ခံစားရတာ မကောင်းပါဘူး။

(၃) အတွေးများတယ်

သူတို့လို လူမျိုးတွေ အများစု ဒီလို စိတ်ဆိုးစိတ်ကောက်လုပ်နေရတဲ့ အကြောင်းအရင်းကတော့ အတွေးများလို့ ဖြစ်ပါတယ်။ တကယ် မဟုတ်ဘဲ အတွေးနဲ့ တစ်ဖက်လူအပေါ် အထင်လွဲတာ တစ်မျိုးမြင်တာတွေက ကိုယ့်ကိုယ်ကို ဒုက္ခပေးနေ သလို ပါပဲ။

စိတ်ဆိုးရင်လည်း အရင်ဆုံး ပင်ပန်းရတာ ကိုယ် ဖြစ်ပြီး ကိုယ့်အတွေးကြောင့် တစ်ဖက်သူက အပြစ်လည်း ကိုယ့်ကို မြင်သွား နိုင်ပါတယ်။

(၄) ရုပ်ရင့်စေနိုင်တယ်

ပျော်ရွှင်တဲ့ သူတွေသာ စိတ်ပျိုကိုယ်နု ဆိုတာမျိုး ဖြစ်တာပါ။ သင်က အမြဲ အတွေးတွေ၊ သံသယနဲ့ စိတ်ဆိုးဖို့ စိတ်ကောက် ဖို့သာ ဟန်ပြင်နေ ရင်တော့ သင့်ကို ရုပ်ရင့်စေတဲ့ ဟော်မုန်းထွက်တာတွေ များနေပြီး တဖြည်းဖြည်း ရုပ်ရင့် လာမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ စိတ်အေးချမ်းအောင် မနေတတ်တဲ့ အကျင့်ကြောင့် ထိခိုက်မှာ ကိုယ်ပဲ ဖြစ်ပါတယ်။

(၅) ငြိုငြင်ခံရနိုင်တယ်

ကလေးဘဝမှာ စိတ်ဆိုး စိတ်ကောက် လုပ်နေတဲ့ ပုံစံလေးက သိပ်ကို ချစ်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် မကြာခဏ ဖြစ်နေမယ် ဆိုရင်တော့ ဒီအပြုအမူက မကောင်းတာမို့ လူကြီးတွေက အလိုမလိုက် တတ်ကြ ပါဘူး။

ကလေးတောင် အကြိမ်ရေများလာရင် အသိအမှတ် မပြုတော့ ကြတာမို့ ကိုယ်က အရွယ်ရောက်နေပြီဆိုရင် ထစ်ခနဲရှိ စိတ်ကောက်တဲ့ အကျင့်ကို ပြင်သင့်ပါတယ်။ မဟုတ်ရင်တော့ သင့်အနားက သူတွေက သင့်ကို ငြိုငြင် လာနိုင် ပါတယ်နော်။

Credit